နေကြာဆေးခန်းအကြောင်း
နေကြာဆေးခန်း သည် ယခင်က “လက်ကမ်း” ဆေးခန်း အဖြစ် လူသိများခဲ့ပြီး၊ ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် အခြေစိုက်ထားသည့် စိတ်ကျန်းမာရေးနှင့် အထွေထွေကျန်းမာရေးဆိုင်ရာ အထူးကုဌာနတစ်ခု ဖြစ်ပါသည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် တာချီလိတ်၏ ပထမဆုံး စိတ်ကျန်းမာရေးအထူးကုဆေးခန်း အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ဒေသတွင်း တိုးပွားလာနေသော စိတ်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားပါသည်။
လက်ရှိတွင် တာချီလိတ်မြို့နှင့် အနီးအနား ကျေးလက်ဒေသများတွင် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အိပ်ရေးဆိုင်ရာပြဿနာများရှိနေခြင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြဿနာများအပါအဝင် စိတ်ကျန်းမာရေးအခက်အခဲများ တဖြည်းဖြည်း တိုးလာနေကြသည်ကို တွေ့ရပါသည်။ သို့သော် လူမှုအမြင်၊ နားလည်မှုမလုံလောက်ခြင်း သို့မဟုတ် အရင်းအမြစ်အကန့်အသတ်များကြောင့် အကူအညီမရနိုင်ဘဲ ကျန်ရှိနေသူများ များစွာရှိနေဆဲ ဖြစ်သည်။ ထိုအခြေအနေကို သတိပြုမိသဖြင့် တည်ထောင်သူများက လိုအပ်သူတိုင်း အထောက်အပံ့ရနိုင်ရန် ဆေးခန်းကို တည်ထောင်ခဲ့ပါသည်။
၂၀၂၄ ခုနှစ် ဇွန်လတွင် ဆေးခန်း၏ တိုးတက်ပြောင်းလဲလာသော ရည်ရွယ်ချက်များကို ပိုမိုထင်ဟပ်စေရန်အတွက် မျှော်လင့်ခြင်း၊ အားထုတ်ခြင်းနှင့် ပြန်လည်နိုးထခြင်း၏ သင်္ကေတဖြစ်သော နေကြာပန်း နှင့် “သက်တမ်းကြာရှည် နေထိုင်နိုင်ရေးအတွက် စိတ်ကျန်းမာရေး” ဆိုသော အဓိက ရည်ရွယ်ချက် ကို အခြေခံ၍ “နေကြာ” ဟု အမည်ပြောင်းခဲ့ပါသည်။ ထို့အပြင် လူနာများ ပိုမိုအဆင်ပြေရန် အသစ်သော နေရာသို့ ပြောင်းရွှေ့ကာ ဝန်ဆောင်မှုအမျိုးမျိုးကိုလည်း တိုးချဲ့ပေးထားပါသည်။
နေကြာဆေးခန်း သည် “စိတ်ကျန်းမာရေးသည် ကိုယ်ခန္ဓာကျန်းမာရေးကဲ့သို့ တူညီအောင် အရေးပါသည်” ဟု ယုံကြည်ပါသည်။ သို့သော်လည်း လူအများအတွက် စိုးရိမ်ပူပန်မှု၊ ရှက်မြိန်မှု သို့မဟုတ် နားလည်မှုမလုံလောက်မှုများကြောင့် လိုအပ်သော်လည်း အကူအညီတောင်းယူရန် တွန့်ဆုတ်နေကြသည်။ ထိုအတားအဆီးများကို ဖယ်ရှားပေးရန် ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လုံခြုံစိတ်ချရပြီး ခေတ်မီသည့်၊ နားလည်မှုအပြည့်ရှိသည့်၊ နွေးထွေးစွာ ကြိုဆိုပေးသည့် ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးပေးခြင်း ဖြစ်သည်။
ကျွန်ုပ်တို့ ဆေးခန်းတွင် — စိတ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း၊ ရောဂါခွဲခြားခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း ကိုယ်ပိုင်ထိရောက်သော ကုသမှုအစီအစဉ်များ အပါအဝင် စုံလင်သည့် စိတ်ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို ပံ့ပိုးပေးနေပါသည်။ အထူးသဖြင့် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အိပ်ရေးဆိုင်ရာပြဿနာများရှိနေခြင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြဿနာများအပါအဝင် စိတ်ကျန်းမာရေးအခက်အခဲများ ဖြေရှင်းပေးခြင်းအပြင် ကိုယ်နှင့်စိတ်ကျန်းမာရေး ဆက်စပ်မှုများ ကို ထည့်သွင်းစဉ်းစားသည့် အထွေထွေကျန်းမာရေး အကြံဉာဏ်များကိုလည်း ပံ့ပိုးပေးပါသည်။
ထို့အပြင် ကျွန်ုပ်တို့၏ လုပ်ဆောင်မှုကို ပိုမိုကျယ်ပြန့်စေရန် စိတ်ကျန်းမာရေးပညာပေးအစီအစဉ်များ ကို Online နှင့် Offline နှစ်မျိုးစလုံးတွင် ဆောင်ရွက်လျက်ရှိပြီး လူတစ်ဦးချင်းစီ စွမ်းရည်တိုးတက်စေရန်နှင့် စိတ်ကျန်းမာရေးအပေါ် အယူအဆလွဲမှားမှုများကို လျော့ချနိုင်ရန် ရည်ရွယ်ထားပါသည်။
နောင်တွင် ဆက်လက်တိုးတက်လာသည်နှင့်အမျှ နေကြာဆေးခန်း သည် တာချီလိတ်မြို့အတွင်းသာမက စိတ်ကျန်းမာရေး ဝန်ဆောင်မှု မလုံလောက်သည့် အခြားဒေသများ သို့ပါ လက်လှမ်းမီမှုကို တိုးချဲ့သွားမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ အဓိက ရည်ရွယ်ချက်မှာ စိတ်ကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်း လက်လှမ်းမီနိုင်ပြီး အခြေခံလူ့အခွင့်အရေး တစ်ခုအဖြစ် ခိုင်မာစေရန် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက် (Our Mission)
တာချီလိတ်နှင့် အနီးတစ်ဝိုက်ရှိ လူမှုအသိုင်းအဝိုင်းများ၏ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးရန်နှင့် စိတ်ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များကို လူတိုင်းအတွက် ပုံမှန်၊ ဘေးကင်းပြီး လက်လှမ်းမီနိုင်စေရန်ကြိုးစားနေပါသည်။
ကျွန်ုပ်တို့ လုပ်ဆောင်ချက်များ:
အသိပညာပေးခြင်း - စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေးပြီး အထင်အမြင်လွဲမှားမှုများနှင့် အမည်းစက်များကို လျှော့ချရန်ကြိုးစားနေပါသည်။
ဝန်ဆောင်မှုပေးခြင်း - ဒေသခံလူမှုပတ်ဝန်းကျင်၏ စိတ်နေစိတ်ထားနှင့် သင့်လျော်သော ထိရောက်သည့် စိတ်ပိုင်းဆိုင်ရာ အကြံပေးမှုနှင့် ရောဂါရှာဖွေမှုများကို ပေးအပ်ရန်ကြိုးစားနေပါသည်။
ဗဟုသုတဖြန့်ဝေခြင်း - နားလည်ရလွယ်ကူသည့် မီဒီယာများ (ဥပမာ- လူမှုမီဒီယာ၊ ဗီဒီယိုများ) မှတစ်ဆင့် စိတ်ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ဖြန့်ဝေပေးကြိုးစားနေပါသည်။

