သေးငယ်တဲ့အရာလေးတွေထဲက ပျော်ရွှင်မှု
အလုပ်တွေများပြားလွန်းလို့ စိတ်ဖိစီးနေရတာ ဒါမှမဟုတ် ဘဝမှာ တစ်ခုခုလိုနေတယ်လို့ ခံစားနေရတာမျိုး ကြုံဖူးပါသလား။ ဒီလိုခံစားချက်တွေက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အပျက်သဘောဆောင်တဲ့အတွေးတွေကို ပိုဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ ကြီးမားတဲ့ အောင်မြင်မှုတွေ ဒါမှမဟုတ် ကြီးကျယ်ခမ်းနားတဲ့ အတွေ့အကြုံတွေကနေမှ ရတာမဟုတ်ပါဘူး။ သိပ္ပံနည်းကျ လေ့လာမှုတွေအရ သေးငယ်တဲ့ အရာလေးတွေကနေ ရတဲ့ "Micro-joys" တွေက စိတ်ကျန်းမာရေးကို သိသိသာသာ မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။
ဒီလိုနည်းလမ်းလေးတွေက သင့်ရဲ့ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပြီး ဘဝအပေါ် အကောင်းမြင်စိတ် ပိုရှိလာအောင် ကူညီပေးပါလိမ့်မယ်။
မနက်ခင်း ကော်ဖီတစ်ခွက်ရဲ့ အရသာကိုခံစားပါ (Mindfulness) မနက်ခင်းမှာ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည် ပူပူလေးတစ်ခွက်ကို အေးဆေးစွာ သောက်သုံးပြီး အရသာ၊ အနံ့နဲ့ အပူချိန်ကို အာရုံစိုက်ကြည့်ပါ။ ဒီလို "mindfulness" အလေ့အကျင့်က သင့်ကို ပစ္စုပ္ပန်မှာ အာရုံစိုက်စေပြီး ဦးနှောက်ရဲ့ Prefrontal Cortex (ဆုံးဖြတ်ချက်ချခြင်းနဲ့ စိတ်ခံစားမှု ထိန်းချုပ်ခြင်းကို တာဝန်ယူတဲ့ အပိုင်း) ကို လှုပ်ရှားစေပါတယ်။
ဒါက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို လျော့နည်းစေပါတယ်။ နေရောင်ခြည်ကို ခံစားပါ မနက်ခင်း နေရောင်ခြည်နွေးနွေးလေးကို မိနစ်အနည်းငယ်လောက် ခံစားကြည့်ပါ။ သိပ္ပံပညာရှင်တွေက နေရောင်ခြည်က ကိုယ်ခန္ဓာမှာ "happy hormone" လို့ လူသိများတဲ့ Serotonin ကို ထုတ်လုပ်ပေးတယ်လို့ ဆိုပါတယ်။
Serotonin ဟာ စိတ်ခံစားချက်၊ အိပ်စက်ခြင်းနဲ့ အစာစားချင်စိတ်တို့ကို ထိန်းညှိပေးတဲ့ ဦးနှောက်ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ နေရောင်ခြည်နည်းခြင်းက စိတ်ကျရောဂါနဲ့ ဆက်စပ်နေတယ်လို့လည်း လေ့လာတွေ့ရှိထားပါတယ်။ ကျေးဇူးတင်စရာတစ်ခုကို တွေးပါ နေ့စဉ်နေ့တိုင်း သင်ကျေးဇူးတင်စရာတစ်ခုကို စဉ်းစားပါ။ မိသားစုနဲ့အတူရှိနေတာ၊ သူငယ်ချင်းတစ်ယောက်ရဲ့ ဖုန်းခေါ်ဆိုမှု ဒါမှမဟုတ် အလုပ်ကနေ အိမ်ကို ကားမောင်းပြန်တဲ့အခါ သီချင်းနားထောင်ရတာမျိုး ဖြစ်နိုင်ပါတယ်။ ကျေးဇူးတင်စိတ်ထားခြင်းက ဦးနှောက်ရဲ့ ဒိုပါမင်း (Dopamine) နဲ့ ဆီရိုတိုနင် (Serotonin) ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး ပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှုကို ခံစားရစေပါတယ်။
ဒါ့အပြင် ကျေးဇူးတင်စိတ်ထားခြင်းက Stress Hormone လို့ခေါ်တဲ့ Cortisol ကို လျော့နည်းစေပါတယ်။ သဘာဝကို အာရုံစိုက်ပါ ပန်းပွင့်လေးတွေကို ကြည့်တာ ဒါမှမဟုတ် သစ်ပင်တွေရဲ့ အနံ့ကို ခံစားတာမျိုး လုပ်ကြည့်ပါ။ ဒါမှမဟုတ် ကောင်းကင်ပြာကြီး ဒါမှမဟုတ် တိမ်ဖြူဖြူလေးတွေကို ကြည့်ပြီး စိတ်အေးချမ်းမှုကို ရှာဖွေပါ။ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ခြင်းက ဦးနှောက်ရဲ့ Empathy (စာနာစိတ်) နဲ့ Love (မေတ္တာစိတ်) တို့နဲ့ သက်ဆိုင်တဲ့ အစိတ်အပိုင်းတွေကို လှုပ်ရှားစေတယ်လို့ fMRI (functional magnetic resonance imaging) လေ့လာမှုတွေက ဖော်ပြပါတယ်။
ဒါ့အပြင် သဘာဝအလှအပတွေကို ကြည့်ခြင်းက စိတ်ဖိစီးမှု၊ ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေပါတယ်။
ဒီလိုသေးငယ်တဲ့ အလေ့အကျင့်လေးတွေကို နေ့တိုင်း လုပ်ဆောင်ခြင်းက သင့်ရဲ့ စိတ်ကျန်းမာရေးကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ ပျော်ရွှင်မှုက ကြီးမားတဲ့အရာတွေထဲမှာပဲ ရှိတာမဟုတ်ပါဘူး၊ သေးငယ်တဲ့ အရာလေးတွေမှာလည်း ရှိနေပါတယ်။
References
Daily Maverick. (2024, February 20). Finding joy in the little things really can benefit your wellbeing - a scientist explains. Retrieved from
