Grounding Technique (၅-၄-၃-၂-၁) ဖြင့် လေ့ကျင့်ပါ
သင်စိုးရိမ်ပူပန်နေချိန်၊ အတွေးများ ရှုပ်ထွေးနေချိန် သို့မဟုတ် မိမိကိုယ်ကိုယ်မတည်ငြိမ်သလို ခံစားရချိန်မျိုးမှာ 5-4-3-2-1 Grounding နည်းလမ်းသည် သင့်ကို လက်ရှိပစ္စုပ္ပန်ဆီသို့ အေးဆေးစွာ ပြန်ရောက်ရှိအောင် ကူညီပေးနိုင်ပါတယ်။ ၎င်းသည် သင့်ပတ်ဝန်းကျင်ရှိအရာများကို သတိရှိရှိ သိရှိနိုင်ရန် အာရုံခံစားမှုငါးခုကို အသုံးပြုခြင်းဖြစ်ပါတယ် (Therapist Aid, 2021)။
အောက်ပါအဆင့်များကို ဖြည်းညှင်းစွာ လိုက်နာကျင့်သုံးကြည့်ပါ-
မြင်နိုင်သော အရာ (၅) ခု: ရပ်တန့်ပြီး ပတ်ဝန်းကျင်ကို သေချာကြည့်ပါ။ အရာဝတ္ထုများ၏ အရောင်၊ အသွင်အပြင် သို့မဟုတ် ပုံစံများကို အသေးစိတ် သတိထားကြည့်ပါ။
ထိတွေ့နိုင်သော အရာ (၄) ခု: သင့်လက်ဖြင့် ပတ်ဝန်းကျင်ရှိအရာများကို ထိတွေ့ပါ။ ဥပမာ- စားပွဲ၏ ပြောင်ချောမှု၊ ကြမ်းပြင်၏ ကြမ်းတမ်းမှု သို့မဟုတ် သင်ဝတ်ထားသည့် အဝတ်အစား၏ နူးညံ့မှုစသည်တို့ကို ခံစားကြည့်ပါ။
ကြားနိုင်သော အရာ (၃) ခု: သင့်ပတ်ဝန်းကျင်ရှိ အသံများကို အာရုံစိုက်နားထောင်ပါ။ လေအေးပေးစက်သံ၊ ငှက်သံ၊ ကားသံ သို့မဟုတ် လူတွေရဲ့စကားသံများ ဖြစ်နိုင်ပါတယ်။
ရနံ့ (၂) ခု: အသက်ပြင်းပြင်းရှူပြီး သင့်ပတ်ဝန်းကျင်ရှိ ရနံ့များကို သတိထားပါ။ အစားအစာရနံ့၊ ပန်းရနံ့ သို့မဟုတ် လေ၏ရနံ့များ ဖြစ်နိုင်ပါတယ်။
အရသာ (၁) ခု: သင့်ပါးစပ်ထဲတွင် ကျန်ရှိနေသော အရသာကို သတိပြုမိသလား စမ်းကြည့်ပါ။ သို့မဟုတ် ရေကို ဖြည်းဖြည်းချင်းသောက်ပြီး ရေရဲ့အရသာကို ခံစားကြည့်ပါ။
Grounding နည်းလမ်းသည် စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှုကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည် (Centre for Clinical Interventions, Australia)။ ၎င်းသည် သင့်စိတ်ထဲတွင် ရှုပ်ထွေးနေသော အတွေးများမှ လက်ရှိပစ္စုပ္ပန်ရှိ အရာဝတ္ထုများဆီသို့ အာရုံကို ပြောင်းလဲပေးနိုင်သောကြောင့် ဖြစ်သည်။
ဤလေ့ကျင့်ခန်းသည် ပြီးပြည့်စုံရန်မလိုအပ်ပါ။ ခဏတာမျှ သိရှိခံစားပြီး လက်ရှိပစ္စုပ္ပန်တွင် နေထိုင်နိုင်ခြင်းသည်ပင် သင့်စိတ်ကို ငြိမ်သက်စေရန်အတွက် လုံလောက်ပါတယ်။
References:Therapist Aid – Grounding Techniques:University of Alberta – 54321 Grounding Exercise:Centre for Clinical Interventions (Australia):
%20%E1%80%96%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%20%E1%80%9C%E1%80%B1%E1%80%B7%E1%80%80%E1%80%BB%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%AB.png)